pe='text/javascript'/


ကျွန်မအခုတလော ပို့ စ်မတင်ဖြစ်တာကြာနေပြီ..မအားတာတစ်ကြောင်း၊စိတ်ညစ်နေတာတစ်ကြောင်း၊ပျင်းတာတစ်ကြောင်း၊အကြောင်းတွေစုပြီးဘာမှကိုမလုပ်ဖြစ်တာ....။ဒီနေ့အွန်လိုင်းတက်ဖြစ်တော့ အမ နှင်းဆီနက်က တက်ဂ်ထားတယ်တဲ့.. ပြောသွားတယ်လေ..အဲ့ဒါနဲ့ ပဲ ဘာအကြောင်းအရာနဲ့ တက်ဂ်ထားပါလိမ့်ဆိုပြီးသူ့ ဆီအပြေးတပိုင်းနဲ့ သွားကြည့်ရသေးတယ်..ဘာတဲ့ .. ၀ါသနာ... တဲ့ လေ..အင်း...လူဖြစ်လာရင်တော့ဝါသနာကိုယ.်စီရှိကြရတာပဲလေ..ကျွန်မလဲလူထဲကလူဆိုတော့.. ၀ါသနာတော့ရှိတာပေါ့နော်..ဒါပေမယ့်ကျွန်မရဲ့ ဝါသနာက သူများဝါသနာလိုသိပ်စိတ်ဝင်စားဖို့ တော့မကောင်းလှဘူး...။ကျွန်မ ငယ်ငယ်တည်းက သီချင်းဆိုတာဝါသနာပါခဲ့တယ်..ဘုရားကျောင်းမှာလဲ သီချင်းတွေဆိုဖြစ်တယ်.. ငယ်ငယ်ကဆို ကလေးသီချင်းဆိုတာ တော်တော်ရှားတယ်လေ..အဲ့ဒီတော့ကျွန်မသီချင်းဆိုရင်အားလုံးကချီးကျူးကြတယ်.. ကလေးဖြစ်ပြီးတော်လိုက်တာပေါ့နော်..အဲ့လိုမျိုးပေါ့..ဟီး.. :Pကြီးလာတော့နဲနဲရှက်တတ်လာတယ်.. တခါတလေမှပဲဆိုဖြစ်တော့တယ်..မဆိုတာတောင်တော်တော်ကြာနေပြီ.. ဟီး.. ကိုယ့်အကြောင်းကိုယ်သိလို့ .. :Pကျွန်မသီချင်းဆိုရင် အပြင်လူတွေက ကောင်းတယ်လို့ ပြောကြပေမယ့်..အိမ်ကလူတွေကတော့ "နင်ဆိုတာ ဘယ်လိုကြီးလဲံ.. ဘယ်နေရာမှာဘာလိုတယ်..ဟိုနေရာကိုဟိုလိုဆိုလိုက်ရင်ပိုကောင်းမယ"်ဆိုပြီး ဝေဖန်လိုက်ကြတာပျစ်ပျစ်နှစ်နှစ်ပဲ..အိမ်ကလူတွေရှေ့မှာသီချင်းတောင်မဆိုရဲလောက်အောင်ပဲ.. အဲ့လောက်တောင်ချီးကျူးကြတာ....ဟဲဟဲ..အခုနောက်ပိုင်း..တစ်နှစ်လောက်တော့ရှိပြီ..ကျွန်မ ကဗျာရေးတာဝါသနာပါလာတယ်..အစကတော့စာအုပ်ပေါ်မှာခဲတံနဲ့ ရေးချတယ်..ပြီးရင်ပြန်ဖတ်တယ်..မကြိုက်ရင်ပြင်တယ်..ကြိုက်ရင်တော့ဘလော့ဂ်ပေါ်တင်တော့တာပဲ..သူများကြိုက်မကြိုက်မသိဘူးး..ကိုယ်ကြိုက်နေရင်ရပြီ..အဲ့လိုမျိုး..........................။ကျွန်မလိုအေးဆေးပြီးစကားများများမပြောတတ်တဲ့ သူအဖို့ တော့ခံစားချက်လေးတွေကိုကဗျာအဖြစ်ပြောင်းပြီး..ဘလော့ဂ်မှာတင်နေ၇တာနဲ့ တင်ကျွန်မကျေနပ်နေတတ်ခဲ့တယ်လေ......။ကဲ..အမနှင်းဆီနက်ရေ....အမတက်ဂ်တဲ့ ပို့ စ်လေးရေးလို့ ပြီးသွားပြီနော်..ချင်းချင်းရဲ့ ဝါသနာကတော့သိပ်စိတ်ဝင်စားဖို့ မကောင်းဘုးနော်..ဟီးအားတောင်နာတယ်....သူများတွေကိုတော့လိုက်ပြီးမတက်ဂ်တော့ပါဘူး....။မမနှင်းဆီနက်ကျေနပ်နိုင်ပါစေ................................။






0 comments:

Post a Comment

ကျေးဖူးပြုပြီး comment ပေးကြပါ။